Monday, April 13, 2015

ရီချိုငါး

ဆားငံရီမှာ
အသက်ရှင်မရပ်တည်နိုင်ကေလေ့......၊


လပြည့်လကွယ် ဖြားတက်ချိန်
မြူးတူးပျော်ပါး အ၀ဆိုက်တေငါး
ဖြားရနံ့ကို သူချစ်၊ သူကြစ်တေ
ဆားဓါတ်လေ့ သူလိုအပ်တေ.......။


-------------------
ခိုင်မြသိန်း (ချောင်းသာကြီး)
၁၂၊ ၀၃၊ ၂၀၁၅

Sunday, April 12, 2015

တခွန်းချေနှုတ်ဆက်ခကေ

တရက်တာ မမြင်မတွိရလို့
ဆယ်ကမ္ဘာဝီးလားရေပိုင် ခံစားနီရရေချိန်မှာ
တခါတခေါက် အွင်လိုင်ရောက်လာကေ
စကားချေတခွန်း ပူပူနွီးနွီး ပြောခပလင်
ကျန်းကြောင်းမာကြောင်း သတိရနီကြောင်းကို.....


ဒေလူမှာ
သူ့မျက်နှာချေတခေါက် မြင်ရဖို့လား
အိမ်ကိုလားလို့ တန်းခါးခေါက်တေ
တခါခေါက်လေ့ အသံမကြား
နှစ်ခါခေါက်လေ့ လူသံမကြား
ဇာကိုလားလို့ ဇာရောက်နီလေ
မျှော်သူရင်ညောင်းရေ.......။


----------
ခိုင်မြသိန်း (ချောင်းသာကြီး)
၂၀၁၅၊ ၀၃၊ ၀၆

နှစ်ကိုယ်ကြားက

ငါရို့နှစ်ယောက်ကြားမှာ လွမ်းလျှက်နွမ်းနီရရေ
နှလုံးသားတစုံ ဟိနီရေ.....၊
ငါရို့နှစ်ယောက်ကြားမှာ စိုးရိမ်ကြောင်းကြ
အိပ်မရရေညာဥ့်ချေတိ ဟိနီရေ.....၊
ငါရို့နှစ်ယောက်ကြားမှာ စိတ်ချင်းဆက်သွယ်နီရေ
ဥဏှောက်တစုံ ဟိနီရေ.....၊

သူ့စကား


စကားတခွန်း ပျားရည်ဆမ်းသို့
ပီတိအဟာရ စားမျိုချသော်
နှလုံးစိတ်ရွှင် ကိုယ့်ဘ၀င်မှာ
မိတ္တာစွမ်းအား တဖွားဖွား
´´.........................´´
တခွန်းစကား ကြားယောင်မိရေ....။



ခိုင်မြသိန်း (ချောင်းသာကြီး)
၈. ၀၂. ၂၀၁၅

Friday, April 18, 2014

ပန်

ပန်းဆိုစွာ
ထို.....အ၀ီက
လမင်းကို အထင်းကြီးလေးစား
အားထားတတ်တေ၊
ယေကေလေ့
အချိန်တန် အာရုံရောက်ကေ
ပျားပတုံးချေတိနန့်ရာ ပျော်ပိုက်ကတ်တေ.....။


Saturday, March 1, 2014

အာသီသ

ရနံ့တိ မကုန်ခန်းသိမ့်ဆိုကေ
အသံတိတ်လားရေ အေနှခမ်း
တခွန်းလောက် ပြန်ပြောခပလင်
နားထောင်ချင်လို့ရာ.......။

ခိုင်မြသိန်း (ချောင်းသာကြီး)
27. 02.2014

ဂန္တာရရင်ဖတ်

မျက်ရည်တစက်သည်
သမုဒ္ဒရာသီတာရီတမျှဆိုကေ
မျက်ရည်စက်ပေါင်း သိန်းသန်းဂဋေဂဋာ
ဤစက္ကြာဝဠာကြီးကို ရီလွှမ်းမိုးလားနိုင်ရေ...။

ယင်းပမာထုထည် ရီပြင်ကျယ်ကြီး
အငြိုးကြီးစွာ ရွာသွန်းချလိုက်ကေလေ့
စိုးရိမ်သောက ပူမီးထနီရေ ဒေရင်ဖတ်ထဲမှာ
အငွေ့ပျောက် ခမ်းခြောက်လားနိုင်ရေ.....။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၆၊ ၀၂၊ ၂၀၁၄
Glada Hudik

ဆားမမြည်းချင်

ဘ၀သီအိပ်မောကျနီရေ နှုလုံးသားကို
လှုပ်နှိုးဖြစ်ကေ နိုးအောင်နှိုးခ
အိပ်ရီးပျက်မျက်ရည်ပူတိ
နှုတ်ခွမ်းဖျားမှာ မတင်လီရအောင်.......။

အမှန်ချစ်တေဆိုကေ
ဇာဘ၀နန့်ပင် လာလာ
အေရင်ခွင်မှာ တသက်လုံးခိုလှုံခွင့် ပီးမေ....
တယုတယ စိတ်တိုင်းကျအောင်လေ့ ချစ်ပီးမေ.....
ယေကေလေ့
မျက်ရည်ပူကို ဆားမြည်းဖို့ မခိုင်းလီကဲ့နန်း.....
မျက်ရည်ပူတိက ဆားငံလွန်းလို့ပါ ချစ်သူ.................။

ခိုင်မြသိန်း (ချောင်းသာကြီး)
၂၃၊ ၀၁၊ ၂၀၁၄
Glada Hudik

အသိဆုံးသူ

ဇတ်ကြမ်းမင်းသားအဖြစ်
သမုတ်ခံရကေလေ့
ဒသဂီရိနှစ်လုံးသား
ဇာလောက် နုညံ့လေ
ဇာလောက် ယုယတတ်လေ
ဇာလောက် ကြင်နာတတ်လေ
ဇာလောက် စိတ်ရှည်သည်းခံတတ်လေ
ဇာလောက် ချစ်တတ်လေ
ဇာလောက် သဘောထားကြီးနားလည်မှုပီးစွမ်းနိုင်လေ
ဇာလောက် အနစ်နာခံပီးဆပ်နိုင်လေ ဆိုစွာ
မေသီတာရာ အသိဆုံး..............။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၈၊ ၀၁၊ ၂၀၁၄

နင်ထွက်လားရေခါ

အမှောင်ထုကြီးထဲမှာ
လမင်းကြီးနန့်ကြယ်တာယာ
ပေါင်းဖက်လို့ ရွာတည်ရာဒေသ
ဂေါင်းခင်ကြီးကိုကြည့်လို့
နင့်ကို လွမ်းရေ..........။

မိုးတိမ်ပြာတိဖုံး
ပျောက်ဆုံးနီရေ
လမင်းကြီးနန့်ကြယ်တာယာ
မပေါ်လာလို့ တယောက်တည်း
ဂေါင်းခင်ကြီးကိုကြည့်ယင်း
နင့်ကို လွမ်းရေ.......။

Internet-Skype
လိုင်းမကောင်းလို့ ပုန်းကွယ်နီရေ
ပြုံးပျော်ရွှင်အလှ နင့်မျက်နှာက
အကြင်နာမျက်ဝန်းတိကို လွမ်းရေ.....။

Connection မကောင်းလို့ နောက်ဆုတ်လားရေ
နားဝင်ချိုမြ နင့်နှုတ်ခမ်းဖျားက
ထွက်ကျလာရေ စကားသံတိကို
လွမ်းကျန်နီခရရေ........။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၁၊ ၀၁၊ ၂၀၁၄

စောင်နီရေ

ငါ၏အသည်းတပုံ
နွမ်းလျက်ခြွီကျ မြီခလားကေလေ့
ချစ်တေချစ်စိတ်က တခါလေ့မလျော့
ဇာဘ၀နန့်ပင်လာလာ
ရင်ဖွင့်လို့ကြိုနီမေ...။

ခိုင်မြသိန်း (ချောင်းသာကြီး)
၉၊ ၀၁၊ ၂၀၁၄

အိပ်တမ်းတက်ပါကိုယ့်ရင်ခွင်မှာ

ဇာလောက်ချစ်လေ မမီးကဲ့
မင်းမျက်နှာပြင် လခြမ်းမြီချေပိုင်လှရေ
မင်းနှစ်လုံးသား ကိုကိုယ့်လူမျိုးပိုင် ဖြူစင်ရေ
မင်းကျရေမျက်ရည်လေ့လေ ကိုကိုယ့်လူမျိုးအသွီးအသား
မင်းကိုလေ မင်းကို
တိုင်းပြည်နန့်လူမျိုးလောက် ချစ်တေ
လူမျိုးနန့်တိုင်ပြည်ကိုလေ့လေ
မင်းကိုလောက် ချစ်တေ..........။

လာ........
ကိုယ့်ရင်ခွင်မှာ ခိုဝင်ခိုနား
အရွေ့စာသားတိနန့် လျော့သိပ်ပီးမေ
အိပ်မောမကျခင် ဇာမရီငှက်ချေတိ
ပျော်မြူးလီကတ်အောင်..........။

လာ...........
ကိုယ့်ရင်ခွင်မှာ ခိုဝင်ခိုနား
အလင်္ကာ၊ ကဗျာစာသားတိနန့် လျော့သိပ်ပီးမေ
ဇာမရီငှက်ချေတိကို မွီးဖွားစောင့်ယှောက်
တောင်စုံးပေါက်လို့ ကြီးပြင်းထွက်လားလီကတ်အောင်..........။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၆၊ ၀၁၊ ၂၀၁၄
Glada Hudik

Friday, August 19, 2011

ဖြတ်မရ

လူသိသျှင်ကြား
မချစ်ရလေ့
ဂျောင်ချေမှာကပ်
ထပ်ချစ်နီဖို့.........။


ခိုင်မြသိန်း (ချောင်းသာကြီး)
၁၂၊ ၀၈၊ ၂၀၁၁
Glada Hudik

Monday, August 1, 2011

စီးခြားစကား

ဘ၀ချင်း မတူ
အနီထားချင်း မဟန်လို့
ရောင်ပြန်ဟတ်တေ
နှစ်လုံးသားခံစားချက်ကို
ကြောခိုင်းထားခဖို့လား......။

မျက်တမှိတ်
ဂေါင်းတညှိတ်ချေနန့်
ကျေနပ်ကျန်ခရသူကို
`အစ်ကိုယ်တယောက်ပိုင် ချစ်နီမေနန်း
အစ်ကိုယ်ကြီး.......´။


ခိုင်မြသိန်း (ချောင်းသာကြီး)
၃၀၊ ၀၇၊ ၂၀၁၁
Glada Hudik

Thursday, December 16, 2010

Just I need

I need not Heaven
I need not Nivanna
Just peace the World

I need not the blessing of God
I need not the bless of Buddha
I need not the blessing of Shiva
Just your deeply blessing of Love

Khine Mra Thein (Choung Tha Gree)

စိတ်ချ

အေဘဝ
လောကကြီးမှာ
မဆုံရကေလေ့
ကြုံခွင့် တချက်ချေ
ပီးပါ.................။

အေရင်ဖတ်ထဲက အချစ်တိကို
ဖွင့်ဟ အန်ထုတ်ပြီးမှ
ရင်ခုန်သံတဖုတ်ဖုတ်နန့်
နောက်ဆုတ်ကျန်ခမေ
စိတ်ချ...................။


ခိုင်မြသိန်း (ချောင်သာကြီး)
၀၁၊ ၁၂၊ ၂၀၁၀
Glada Hudik

Sunday, November 14, 2010

စောင့်နီ...နန်း..

နီအ၀င်ညဇာခမ်း
ပုဇွန်ဆီရောင်သန်းလားကေလေ့
အရောက်လှမ်းလတ်မေ
ပေါက်ပန်းဖြူပင်အောက်က
စောင့်နီ....နန်း.......။



ခိုင်မြသိန်း (ချောင်းသာကြီး)
၁၉၊ ၁၀၊ ၂၀၁၀
Glada Hudik

Sunday, October 17, 2010

အဖြူရောင်ရဲစားစာ

သို့
.......................
.......................






မှ
..........................
..........................

 အလယ်မှာ
သလင်ဖြူစာသား
“အဖြူစင်ဆုံးချစ်ပြမေ
ရိုးမြီကျအောင်ထိ”

 ခိုင်မြသိန်း (ချောင်းသာကြီး)
၁၀၊ ၁၀၊ ၂၀၁၀
Glada Hudik

Thursday, September 30, 2010

ပါရမီဖြည့်ဖက်

ပါရမီဖြည့်ဖက်ဖြစ်နိုင်ခကေ
ငါ.....ဝေသန္ဒာရာ
တောထွက်တေ
ဈီးခြင်းတောင်းချေကိုထမ်း
လှမ်းပါလတ်ဝေ
မယ်မဒီ........။


ခိုင်မြသိန်း (ချောင်းသာကြီး)
၂၇၊ ၀၉၊ ၂၀၁၀
Glada Hudik

ဝေသန္ဒာရာပြည်ဖုံးကားချပ်

ဝေသန္ဒာရာ ဓါးဆွဲမိ့ရေ
သားသ္မီးသံယောစိုင်
ဖခင်တယောက်ပီသရေပိုင်
သံလျှက်မာန် ရာဇာသံလေ့ ပီသရေ.........။

ဓါးလွတ်ကျလားရေ နောင်တ
ဘုရားဘ၀ကို
နောက်ဆုတ်လိုက်ရရေပိုင်
မနုဿရဟန္တာအဖြစ်လေ့ ပီသခရေ........။

မယ်မဒီမျက်ရည်
ချောင်းစီးခကေလေ့
ဥပက္ခာတရား
ဇံဝင်စားလားရေခါ
လောကကြီးကို ပြည်ဖုံးကားချ
ကြောခိုင်းထွက်ခွာလားခရေ...................။


ခိုင်မြသိန်း (ချောင်းသာကြီး)
၂၄၊ ၀၉၊ ၂၀၁၀
Glada Hudik