Thursday, August 19, 2010

ချစ်လို့ရာ

ချစ်တေ
နင်၏ပျော်ရွှင်မှုတိကို ချစ်တေ
ဝမ်းမြောက်မှုတိကို သိစီချင်လို့......။

ချစ်တေ
နင်၏၀မ်းနည်းငိုချိုက်သံတိကို ချစ်တေ
မျက်ရည်ပူတိကို ခံစားတတ်စီချင်လို့....။

ချစ်တေ
နင်၏ရယ်မောခြင်းတိကို ချစ်တေ
နှစ်လုံးသားထဲကခံစားချက်တိကို ထိတွိ့ခံစားတတ်စီချင်လို့....။

ချစ်တေ
နင်၏ကျဆုံးမှုတိကို ချစ်တေ
တိုးတက်အောင်မြင်မှုတိကို ရစီချင်လို့......။

ချစ်တေ
နင်၏ဖရိုဖရဲပျက်စီးမှုတိကို ချစ်တေ
မာန်မာနကိုခ၀ါချ ရိုးကုပ်ကြိုးစားတတ်စီချင်လို့......။

ချစ်တေ
နင်၏အပြုံ့တိကို ချစ်တေ
နင်စွာ-ငါရာ၊ ငါစွာ-နင်ရာလို့ သိစီချင်လို့.....။

ချစ်တေ
နင်၏စိတ်ဆိုးဒေါဿထွက်မှုတိကို အချစ်ဆုံးချစ်တေ
အမြဲ...ငါ့ကို သတိရစီချင်လို့........။

လုပ်မိသမျှ အပြုအမူတိက
ချစ်လို့......ချစ်လို့
နင့်ကို ချစ်အားကြီးလို့.....။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၅၊ ၀၈၊ ၂၀၁၀
Glada Hudik

ထောင်ဂျောက်

ထိမ်းချုပ်လို့မရရေ အနမ်းတိ
ဖောက်ပြန်တတ်တေ အာရုံခံစားမှု
ရက်စက်တတ်တေ လက်ချောင်းချေတိ

ပြီးကေ

စူးစိုက်ကြည့်တတ်တေ မျက်လုံး
လှပချိုမြီရေ စကားလုံး
 နုညံ့သိမ်မွေ့ရေ ယုယမှုတိနန်
မြှူဆွယ်လိုက်စွာက.......

နင့်ရင်ခွင်ထဲ
ပုံလျက်ခြွီကျ
ငါ့အချစ်တိ ရုံးထွက်လို့မရလိုက်ပျာ.....။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၉၊ ၀၈၊ ၂၀၁၀
Glada Hudik

Friday, August 6, 2010

အချစ်ပင်းခူအိမ်

အငိုက်မိ့ပြီး
ရင်ခုန်မိ့စွာ
ပြန်ဆုတ်ရခက်နီပျာ..........။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၆၊ ၀၈၊ ၂၀၁၀
Glada Hudik

Tuesday, August 3, 2010

စေတနာ

ငါ့လက်က
သဇင်ပန်းကို
ဖူးဇာမဆုံ
ကံမကြုံလို့
မပန်ဆင်နိုင်ခကေလေ့
ရခိုင်သားချေတယောက်နန့်ဆိုကေ
ကျေနပ်တေ.....................။


ခိုင်မြသိန်း (ချောင်းသာကြီး)
၀၁၊ ၀၈၊ ၂၀၁၀
Glada Hudik

Monday, July 19, 2010

ကြည့်ချင်ရေ

ရခိုင့်ရိုးရာဝတ်စုံ
ပက်ခုံးစုံမှာ
ကိုယ်ရုံတင်လို့
မြင်ချင်ရေ..........။

ဝေသာလီဘယတ်
သဇင်ပန်းကို
ဆံထုံးမှာချပ်လို့
မြင်ချင်ရေ.........။

ဆွမ်းအုပ်ခါးတင်
သဒ္ဒါရွှင်
ကျောင်းဝင်လမ်းမှာ
မြင်ချင်ရေ........နှမ။


ခိုင်မြသိန်း (ချောင်းသာကြီး)
၁၈၊ ၀၇၊ ၂၀၁၀
Glada Hudik

Wednesday, July 14, 2010

မျှော်နီသည်

“သူ......မလာလည့်
စောင့်နီပါသည်”
online ရိပ်ခို
ရွှီကျီညို
ခွန်းချိုစကား ပြောပီးပါ......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၃၊ ၀၇၊ ၂၀၁၀
Glada Hudik

Tuesday, July 6, 2010

ဗဟုဝှဒ်ချစ်သူ

ရာဇပလ္လင်လုလို့
တိုင်းပျက်ရရေပိုင်
အချစ်ဇံဝင်ယစ်မူးလို့
လင်္ကာဒီပ ပြည်ပျက်ခရရေ.......။

မချစ်ပါဆို သီတာပျိုက
စိတ်တွင်ဝယ်ဆို သစ္စာမာဏ္ဍိုင်စကား

“သင်ကား.....နီညှိုသက်ပျောက်
တွင်းရောက်အောင်ထိ ချစ်ခပါ၏.......
သင်၏မောတ္တာ ငါ့ရင်ထဲမှာ
ဟိလီပါက ခဲသားရွီးရာ
ရုပ်လုံးပေါ်စေသတည်း.....”

ဒသဂီရိရုပ်လုံး အံဖုံးမှာဆွဲ
တိုင်းခန်းလှည့်လည်ဆဲ ရာမ
တဒင်က နင်းမိခလို့
ခြီဖ၀ါး မီးထတောက်ရရေ.........။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၃၊ ၀၇၊ ၂၀၁၀
Glada Hudik