Thursday, December 16, 2010

Just I need

I need not Heaven
I need not Nivanna
Just peace the World

I need not the blessing of God
I need not the bless of Buddha
I need not the blessing of Shiva
Just your deeply blessing of Love

Khine Mra Thein (Choung Tha Gree)

စိတ်ချ

အေဘဝ
လောကကြီးမှာ
မဆုံရကေလေ့
ကြုံခွင့် တချက်ချေ
ပီးပါ.................။

အေရင်ဖတ်ထဲက အချစ်တိကို
ဖွင့်ဟ အန်ထုတ်ပြီးမှ
ရင်ခုန်သံတဖုတ်ဖုတ်နန့်
နောက်ဆုတ်ကျန်ခမေ
စိတ်ချ...................။


ခိုင်မြသိန်း (ချောင်သာကြီး)
၀၁၊ ၁၂၊ ၂၀၁၀
Glada Hudik

Sunday, November 14, 2010

စောင့်နီ...နန်း..

နီအ၀င်ညဇာခမ်း
ပုဇွန်ဆီရောင်သန်းလားကေလေ့
အရောက်လှမ်းလတ်မေ
ပေါက်ပန်းဖြူပင်အောက်က
စောင့်နီ....နန်း.......။



ခိုင်မြသိန်း (ချောင်းသာကြီး)
၁၉၊ ၁၀၊ ၂၀၁၀
Glada Hudik

Sunday, October 17, 2010

အဖြူရောင်ရဲစားစာ

သို့
.......................
.......................






မှ
..........................
..........................

 အလယ်မှာ
သလင်ဖြူစာသား
“အဖြူစင်ဆုံးချစ်ပြမေ
ရိုးမြီကျအောင်ထိ”

 ခိုင်မြသိန်း (ချောင်းသာကြီး)
၁၀၊ ၁၀၊ ၂၀၁၀
Glada Hudik

Thursday, September 30, 2010

ပါရမီဖြည့်ဖက်

ပါရမီဖြည့်ဖက်ဖြစ်နိုင်ခကေ
ငါ.....ဝေသန္ဒာရာ
တောထွက်တေ
ဈီးခြင်းတောင်းချေကိုထမ်း
လှမ်းပါလတ်ဝေ
မယ်မဒီ........။


ခိုင်မြသိန်း (ချောင်းသာကြီး)
၂၇၊ ၀၉၊ ၂၀၁၀
Glada Hudik

ဝေသန္ဒာရာပြည်ဖုံးကားချပ်

ဝေသန္ဒာရာ ဓါးဆွဲမိ့ရေ
သားသ္မီးသံယောစိုင်
ဖခင်တယောက်ပီသရေပိုင်
သံလျှက်မာန် ရာဇာသံလေ့ ပီသရေ.........။

ဓါးလွတ်ကျလားရေ နောင်တ
ဘုရားဘ၀ကို
နောက်ဆုတ်လိုက်ရရေပိုင်
မနုဿရဟန္တာအဖြစ်လေ့ ပီသခရေ........။

မယ်မဒီမျက်ရည်
ချောင်းစီးခကေလေ့
ဥပက္ခာတရား
ဇံဝင်စားလားရေခါ
လောကကြီးကို ပြည်ဖုံးကားချ
ကြောခိုင်းထွက်ခွာလားခရေ...................။


ခိုင်မြသိန်း (ချောင်းသာကြီး)
၂၄၊ ၀၉၊ ၂၀၁၀
Glada Hudik

Tuesday, September 7, 2010

ပြန်ထားခပါ နီသားတကျ

ဘ၀တပိုင်းကျိုးအောင်ထိ
အထီးကျန်နီသားကျနီရေ
ရီအိုင်ချေတခု
လီဗွီချေတိ ကျရောက်
ရီကြိုင်ချေတိလေ့
နှောက့်လားခပျာ..............။

အနစ်ထိုင်
ရီကြိုင်ဘဝ
ပြန်ရဖို့က
ကောင်းခက်လားပျာ.........။



ခိုင်မြသိန်း (ချောင်းသာကြီး)
၀၁၊ ၀၉၊ ၂၀၁၀
Glada Hudik

Sunday, August 22, 2010

စစ်သူကြီးယှုံးရေစစ်ပွဲ့

စစ်သူကြီးရို့မည်သည်
အသက်ကိုရာ အသီခံလားရေ
စစ်ပွဲ့အတွင်းမှာ
ဒူးထောက်၊ လက်မြှောက်သည်ဟူ၍ ဟိ။

ယေပင်ငြားလေ့

သူရို့၏အချစ်ဘုရင်မရှိမှောက်
သန္နဂဗျူဟာပျောက်
ဒူးထောက်၊ လက်မြှောက်ရစမြဲ......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၂၁၊ ၀၈၊ ၂၀၁၀
Glada Hudik

Friday, August 20, 2010

သိ-သိလျက်နန့်

ခြုံမှန်းသိယင့်
ဝင်-၀င်တိုးမိရေ......။

အပြစ်မှန်းသိယင့်
ကျူး-ကျူးလွန်မိရေ.......။

မီးမှန်းသိလျက်
ပိုးဖလံမျိုး
တစွတ်ထိုး......။

ခိုင်မြသိန်း(ချောင်းသာကြီး)
၁၉၊ ၀၈၊ ၂၀၁၀
Galda Hudik

Thursday, August 19, 2010

ချစ်လို့ရာ

ချစ်တေ
နင်၏ပျော်ရွှင်မှုတိကို ချစ်တေ
ဝမ်းမြောက်မှုတိကို သိစီချင်လို့......။

ချစ်တေ
နင်၏၀မ်းနည်းငိုချိုက်သံတိကို ချစ်တေ
မျက်ရည်ပူတိကို ခံစားတတ်စီချင်လို့....။

ချစ်တေ
နင်၏ရယ်မောခြင်းတိကို ချစ်တေ
နှစ်လုံးသားထဲကခံစားချက်တိကို ထိတွိ့ခံစားတတ်စီချင်လို့....။

ချစ်တေ
နင်၏ကျဆုံးမှုတိကို ချစ်တေ
တိုးတက်အောင်မြင်မှုတိကို ရစီချင်လို့......။

ချစ်တေ
နင်၏ဖရိုဖရဲပျက်စီးမှုတိကို ချစ်တေ
မာန်မာနကိုခ၀ါချ ရိုးကုပ်ကြိုးစားတတ်စီချင်လို့......။

ချစ်တေ
နင်၏အပြုံ့တိကို ချစ်တေ
နင်စွာ-ငါရာ၊ ငါစွာ-နင်ရာလို့ သိစီချင်လို့.....။

ချစ်တေ
နင်၏စိတ်ဆိုးဒေါဿထွက်မှုတိကို အချစ်ဆုံးချစ်တေ
အမြဲ...ငါ့ကို သတိရစီချင်လို့........။

လုပ်မိသမျှ အပြုအမူတိက
ချစ်လို့......ချစ်လို့
နင့်ကို ချစ်အားကြီးလို့.....။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၅၊ ၀၈၊ ၂၀၁၀
Glada Hudik

ထောင်ဂျောက်

ထိမ်းချုပ်လို့မရရေ အနမ်းတိ
ဖောက်ပြန်တတ်တေ အာရုံခံစားမှု
ရက်စက်တတ်တေ လက်ချောင်းချေတိ

ပြီးကေ

စူးစိုက်ကြည့်တတ်တေ မျက်လုံး
လှပချိုမြီရေ စကားလုံး
 နုညံ့သိမ်မွေ့ရေ ယုယမှုတိနန်
မြှူဆွယ်လိုက်စွာက.......

နင့်ရင်ခွင်ထဲ
ပုံလျက်ခြွီကျ
ငါ့အချစ်တိ ရုံးထွက်လို့မရလိုက်ပျာ.....။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၉၊ ၀၈၊ ၂၀၁၀
Glada Hudik

Friday, August 6, 2010

အချစ်ပင်းခူအိမ်

အငိုက်မိ့ပြီး
ရင်ခုန်မိ့စွာ
ပြန်ဆုတ်ရခက်နီပျာ..........။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၆၊ ၀၈၊ ၂၀၁၀
Glada Hudik

Tuesday, August 3, 2010

စေတနာ

ငါ့လက်က
သဇင်ပန်းကို
ဖူးဇာမဆုံ
ကံမကြုံလို့
မပန်ဆင်နိုင်ခကေလေ့
ရခိုင်သားချေတယောက်နန့်ဆိုကေ
ကျေနပ်တေ.....................။


ခိုင်မြသိန်း (ချောင်းသာကြီး)
၀၁၊ ၀၈၊ ၂၀၁၀
Glada Hudik

Monday, July 19, 2010

ကြည့်ချင်ရေ

ရခိုင့်ရိုးရာဝတ်စုံ
ပက်ခုံးစုံမှာ
ကိုယ်ရုံတင်လို့
မြင်ချင်ရေ..........။

ဝေသာလီဘယတ်
သဇင်ပန်းကို
ဆံထုံးမှာချပ်လို့
မြင်ချင်ရေ.........။

ဆွမ်းအုပ်ခါးတင်
သဒ္ဒါရွှင်
ကျောင်းဝင်လမ်းမှာ
မြင်ချင်ရေ........နှမ။


ခိုင်မြသိန်း (ချောင်းသာကြီး)
၁၈၊ ၀၇၊ ၂၀၁၀
Glada Hudik

Wednesday, July 14, 2010

မျှော်နီသည်

“သူ......မလာလည့်
စောင့်နီပါသည်”
online ရိပ်ခို
ရွှီကျီညို
ခွန်းချိုစကား ပြောပီးပါ......။

ခိုင်မြသိန်း (ချောင်းသာကြီး)
၁၃၊ ၀၇၊ ၂၀၁၀
Glada Hudik

Tuesday, July 6, 2010

ဗဟုဝှဒ်ချစ်သူ

ရာဇပလ္လင်လုလို့
တိုင်းပျက်ရရေပိုင်
အချစ်ဇံဝင်ယစ်မူးလို့
လင်္ကာဒီပ ပြည်ပျက်ခရရေ.......။

မချစ်ပါဆို သီတာပျိုက
စိတ်တွင်ဝယ်ဆို သစ္စာမာဏ္ဍိုင်စကား

“သင်ကား.....နီညှိုသက်ပျောက်
တွင်းရောက်အောင်ထိ ချစ်ခပါ၏.......
သင်၏မောတ္တာ ငါ့ရင်ထဲမှာ
ဟိလီပါက ခဲသားရွီးရာ
ရုပ်လုံးပေါ်စေသတည်း.....”

ဒသဂီရိရုပ်လုံး အံဖုံးမှာဆွဲ
တိုင်းခန်းလှည့်လည်ဆဲ ရာမ
တဒင်က နင်းမိခလို့
ခြီဖ၀ါး မီးထတောက်ရရေ.........။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၃၊ ၀၇၊ ၂၀၁၀
Glada Hudik

Thursday, May 6, 2010

ရီအီးတခွက်ပီး

ညသန်းခေါင်ယံမှာ
အချစ်မုန်တိုင်းတိုက်
ငါ့နှစ်လုံးသား
ရီနစ်နီရေ..................။

ယင်းနောက်

သစ္စာတရားကိုဖြားရီသတ်
အသဲနှစ်လွှာမှာဆားရီဝပ်
ဟူး..........ရင်ပူရေ
ရီအီးတဖလားပီး ညီမချေ။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၆၊ ၀၅၊ ၂၀၁၀
Glada Hudik

Tuesday, May 4, 2010

မြီစာကြီနီရရေနှစ်လုံးသား

လီညှင်းချေ လှုပ်ယမ်းလိုက်စွာနန့်
နင့်ပင်လယ်ပြင်က
လှိုင်လုံးချေတိလှုပ်ရွ
ငါ့နှစ်လုံးသားကမ်းမြောင်က
မြီစာကြီနီရရေ ညီမချေ။

ခိုင်မြသိန်း (ချောင်းသာကြီး)
၀၃၊ ၀၅၊ ၂၀၁၀
Glada Hudik

Sunday, March 7, 2010

သူနာပြု

ဇာလေချင့်
ကိုယ်ပူနီသိမ့်ရေ.....။

“ဟုံး...တရက်လုံးခေါ်လားနီပြီးကေ
အေကုမှ....မလာကဲ့”
တဖက်သို့ လှည့်ထွက်
မျက်ရည်စက်တိလေ့ ၀ပ်လို့.....။

ဆီးဝယ်ခရေ
“မသောက်......”
ငေါက်ထားလိုက်တေဝေ
ဒေါဿသည်  တချက်
အချစ်သည်  တသက်လတ်
ဆီးသောက်ကတ်မေ....နန်း.....။

“န....ဟီး.....ဟဲ.....
မသောက်..........ဆိုလို့ပင်......။”

ဒေါက်....ဒေါက်....ဒေါက်....
တန်းခါးခေါက်စွာလာ....................။

“အုံ......ကျန်တော်
နီမကောင်းသူကို
ဆီးလာတိုက်စွာပါ.............”။

“အို..........ဟုတ်လာ..........”။

ခိုင်မြသိန်း (ချောင်းသာကြီး)
၂၁၊ ၀၁၊ ၂၀၁၀။

မင်္ဂလာ

မင်္ဂလာ

ငါလက်က
သဇင်ပန်းတခက်
ရခိုင်သူမချေဆံထုံးထက်ပန်မှ
ကျက်သရည်ဂုဏ်ထွက်
မျိုးဂုဏ်တက်တေ
ဟံစွလေ

ခိုင်မြသိန်း (ချေင်းသာကြီး)
ဒေါင်ဒေါင်ဆန္တာထောင်၊ ကာလာကတ္တား၊ အိန္ဒီယာ။