Monday, July 19, 2010

ကြည့်ချင်ရေ

ရခိုင့်ရိုးရာဝတ်စုံ
ပက်ခုံးစုံမှာ
ကိုယ်ရုံတင်လို့
မြင်ချင်ရေ..........။

ဝေသာလီဘယတ်
သဇင်ပန်းကို
ဆံထုံးမှာချပ်လို့
မြင်ချင်ရေ.........။

ဆွမ်းအုပ်ခါးတင်
သဒ္ဒါရွှင်
ကျောင်းဝင်လမ်းမှာ
မြင်ချင်ရေ........နှမ။


ခိုင်မြသိန်း (ချောင်းသာကြီး)
၁၈၊ ၀၇၊ ၂၀၁၀
Glada Hudik

No comments:

Post a Comment